သိန်းထောင်ချီလေ စိတ်ဝင်စားလေ အိမ်ခြံမြေဈေးကွက် အရှိန်အဟုန်ကောင်းလာချိန်တွင် ကွန်ဒိုများ၊ လုံးချင်း များ၊ တိုက်ခန်းများ၊ အရောင်းအဝယ် ဖြစ်လျက်ရှိနေကာ မြေနေရာများမှာလည်း ရင်းနှီးမြှုပ်နံှသူတို့ မျက်စိကျစိတ်ဝင်စားလာကြပြီး သိန်းထောင်ချီတန် သည့် မြေနေရာကွက်များကို ပိုမိုရင်းနှီး မြှုပ်နံှလာကြကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှု အပိုင်းမှာ လည်း ယခင်ထက်မြင့်တက်လာခဲ့ပြီး ရောင်းသူ၊ ဝယ်သူတို့ ဘက်မျှနေကြကြောင်း သိရသည်။ သိန်းငါးထောင်နီး ပါးအကွက်များမှာ ပိုမိုစိတ်ဝင်စားလာ ကြသည်ကို တွေ့ရသည်။ သြင်္ကန် ကာလပြီးနောက်ပိုင်းတွင် ၁ဝ မိုင်ကုန်း နှင့် စော်ဘွားကြီးကုန်းဘက်တွင် သိန်း နှစ်ထောင်ကျော် မြေနေရာများ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရင်းနှီးမြှုပ်နံှသူ အများစုကြောင့် သာ အိမ်ခြံမြေဈေးကွက်မှာ အရောင်း အဝယ် ဖြစ်လျက်ရှိနေကာ အမှန် တကယ်နေထိုင်လိုသူများ၏ ဝယ်ခြင်း နည်းပါးနေသေးသည်ဟု သိရသည်။ အိမ်ခြံမြေဘက်သို့ ရင်းနှီးမြှုပ်နံှသူများ အာရုံကျလာရခြင်းမှာ ရွှေဈေးကွက် မတည်ငြိမ်ခြင်း နိုင်ငံခြားငွေဈေး အတက်အကျ ပြောင်းလဲမှုများနေခြင်း နှင့် ကားဈေးကွက် တုံ့ဆိုင်းနေခြင်း တို့ကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူ တချို့က သုံးသပ်နေကြသည်။ရန်ကုန် မြို့တွင်သာမကဘဲ ပဲခူး၊ နေပြည်တော်၊ တိုက်ကြီးစသည့် မြို့များနှင့် မန္တလေး မြို့များတွင်ပါ လုံးချင်းများထက် မြေကွက်များမှာ ပိုမိုအရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။ မင်းးချို
Background