Main menu

Background

မန္တလေးမြို့တွင်း ယာဉ်လိုင်းများ ငါးနှစ်အတွင်း ပြေးဆွဲယာဉ်ထက်ဝက်လျော့နည်း

Thu, 05/26/2011 - 10:33 -- Anonymous (not verified)

မန္တလေးမြို့တွင်း ယာဉ်လိုင်းများ ငါးနှစ်အတွင်း ပြေးဆွဲယာဉ်ထက်ဝက်လျော့နည်း                  မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများမှာ ငါးနှစ်တာကာလအတွင်း ယာဉ်လိုင်းပြေးဆွဲနှုန်း ထက်ဝက် ကျော်လျော့နည်းသွားကြောင်း သိရပါတယ်။ ခြင်္သေ့ဦးခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက''မန္တလေးမှာ ငါးနှစ်တာကာလအတွင်း ဆိုင်ကယ်စီး သူတိုးလာပြီး ကားအဝင်လည်းများလာခဲ့တယ်။ အိမ်ကားတွေကလည်း နားလည်မှုနဲ့ဂိတ်ထိုးပြီး ပြေးဆွဲနေတဲ့အတွက် မြို့တွင်း ယာဉ်လိုင်း လျော့နည်းလာရတယ်။ အသင်းဝင်ကားတချို့လည်း တစ်သင်းနဲ့တစ်သင်း ယာဉ်ပြောင်းရင် ကော်မတီမသိရဘူး။ နားလည်မှုနဲ့ ပြောင်းနေကျတော့ ယာဉ်လိုင်းနည်းလာတယ်။ ကျောင်းပို့ ကျောင်းကြိုကားတွေလည်းများလာတော့ မူလပြေးဆွဲ နေတဲ့ ယာဉ်လိုင်းထက် လျော့နည်းလာတယ်။ ကိုယ်ပိုင်ယာဉ်တွေများလာတဲ့ သဘောပေါ့။ ကျွန်တော့်အသင်းမှာ အရင်က မော်တော်ယာဉ်အစီး ၃ဝ လောက်ပြေးဆွဲခဲ့တာ။ ငါးနှစ်တာကာလအတွင်း ဒီနှစ်မှာ ၁၁ စီးလောက်ပဲ ပြေးဆွဲမှုရှိတော့တယ်'' လို့ ပြောပါတယ်။                 မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီ(မြို့တွင်း) မော်တော်ယာဉ်လိုင်းတွင် အသင်း ၄၃ သင်းရှိပြီး မော်တော်ယာဉ်အစီး ၄၅ဝ နဲ့ ၅ဝဝ စီးကြား နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။                           ဇူးဇူး