Main menu

Background

အမြင့်ဝိုင်းထက် အနိမ့်ဝိုင်းမှာ အလုပ်ဖြစ်နေသည့် ကားဈေးကွက်

Thu, 05/26/2011 - 10:40 -- Anonymous (not verified)

အမြင့်ဝိုင်းထက် အနိမ့်ဝိုင်းမှာ အလုပ်ဖြစ်နေသည့် ကားဈေးကွက်                   ယခုလအတွင်း ကားဈေးကွက် သည်လည်း ထူးထူးခြားခြားပြောင်းလဲ ကောင်းမွန်လာသည့် အခြေအနေ၏ မတွေ့ရဘဲ ကဲျကဲျနှင့် နည်းနည်းသာ အလုပ်ဖြစ်နေသည်ကိုတွေ့ရပြီး ဟံသာဝတီကားဝိုင်းတွင် သြင်္ကန်ကာလပြီး နောက်ပိုင်း အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ အားရစရာမကောင်းလှဘဲ ကားနှစ်စီးသာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကားပွဲစားတစ်ဦး၏ ပြောပြချက်အရ သိရသည်။                   သို့သော် အနိမ့်ပိုင်းဖြစ်သည့် ကျောက်မြောင်းကားဈေးကွက်တွင်မူ အရောင်းအဝယ်ဖြစ်မှု ယခင်ထက် ပိုမို များပြားခဲ့သည်ဟုသိရသည်။ အောက်ဝိုင်းမှ ကားပွဲစားတစ်ဦးဖြစ်သူ ကိုခင်မောင်သိန်းက ''ဈေးကွက်က အရင်က လောက် မကောင်းတော့တာ အမှန်ပါပဲ။ ဒါပေမယ့် သြင်္ကန်ပြီးနောက်ပိုင်း အနိမ့်ကားတွေ အရောင်းအဝယ်ဖြစ် ပါတယ်။ အခုဒီလထဲမှာတင် နှစ်စီး၊ သုံးစီးထွက်သွားပြီ''ဟု ပြောပြသွားခဲ့ သည်။                    လက်ရှိအချိန်တွင် အမြင့်ကားများထက် အနိမ့်ကားများမှာ အရောင်း အဝယ်ဖြစ်လျက်ရှိနေပြီး အငှားလိုက်မှု များနေသေးကြောင်းလည်း သိရသည်။ စီအန်ဂျီ တပ်ဆင်ထားသည့် ကားများ မှာမူ အရောင်းအဝယ်မျက်နှာပန်းလှ၍ ဈေးအရာလည်း အဆင်ပြေနေကြောင်း သိရသည်။ မင်းချို