Main menu

Background

ရှမ်းနနွင်းဈေး ခပ်အေးအေး

Thu, 05/26/2011 - 10:50 -- Anonymous (not verified)

ရှမ်းနနွင်းဈေး ခပ်အေးအေး                   ဒီတစ်ပတ် နနွင်းဈေးက ခပ်အေးအေးပါပဲ။ နနွင်းပြန်စိုက်ဖို့အတွက် တောင်သူတွေလည်း ပြင်ဆင်နေကြ ပါပြီ။ ဒီနှစ်အထွက်နှုန်းက မနှစ်ကလောက်ပစ္စည်းမများသလို အရောင်းလည်းမသွက်ဘူးလို့ သိရပါတယ်။ လှောင်လက်တွေရဲ့ လက်ထဲမှာ သာရှိပြီး ဈေးကွက်ထဲကို တဖြည်းဖြည်းနဲ့ အဝင်နည်းလာတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေကလည်း ကြိုက်ဈေး မရရင် မထုတ်သေးဘဲ လှောင်ထားကြဦးမှာဖြစ်ပါတယ်။ ပင်လောင်းနနွင်း တွေကလည်း အောင်ပန်းဈေးကွက်ကို သိပ်မလာတော့ပဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းနေတယ် လို့လည်း သိရပါတယ်။ ဒီနှစ်က ပြည်ပဝယ်လိုအားနည်းပြီး ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေတာကြောင့် မနှစ်ကလောက်အရောင်းမသွက်ပါဘူး။ မူဆယ်ဝယ်လက်တွေကတော့ ငွေဈေးကျနေတာကြောင့် အဝယ်ရပ်သွား တယ်လို့ သိရပါတယ်။              ဒီတစ်ပတ်နနွင်းဈေးက အောင်ပန်းဈေးကွက်မှာ လက်ကျန် ဆင်တောင်နနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးရှိပြီး၊ ကျန်နနွင်းတွေကတော့ ၂၁ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၂၃၅ဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာလည်း နနွင်းဈေးက တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။              ဧဧခိုင်