ဆန်ရောင်းလိုအားကောင်းမွန်မှုကြောင့် အာရှဆန်ဈေးနှုန်းများကျဆင်းနိုင်

ဆန်ရောင်းလိုအားကောင်းမွန်မှုကြောင့် အာရှဆန်ဈေးနှုန်းများကျဆင်းနိုင်                လာမဲ့ရက်သတ္တပတ်မှာ ဆန်ရောင်းလိုအားကောင်းမွန်မှုကြောင့် အာရှဆန်ဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၅ မှ ၁ဝ ဒေါ်လာအကြားကျဆင်းသွားနိုင်ကြောင်း ခန့်မှန်း ထားပါတယ်။ ကမ္ဘာ့ဆန်အများဆုံးတင်ပို့ တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ဆန်ထွက်နှုန်းက ကောင်းမွန်ခဲ့တယ်။ ဆန်ရောင်းလိုအား ကောင်းမွန်မှုကြောင့် ဆန်ဝယ်ယူသူတွေကလည်း မိမိစိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ရာ ဆန်ကိုယှဉ်ပြိုင်ဈေးနှုန်းနဲ့ ရောင်းချကြတော့မှာဖြစ်ပါတယ်။ ဗီယက်နမ် ၂၅ မှတ်ဆန်ဈေးနှုန်းက ယခုအခါတစ်တန် ကို ကန်ဒေါ်လာ ၄၃၅ (FOB) သာရှိတော့ရာ ပြီးခဲ့တဲ့ ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ၅ ဒေါ်လာ ဈေးကျ သွားခဲ့တယ်။ ထိုင်းနဲ့ ဗီယက်နမ် ၅ မှတ် ဆန်က ယခုတစ်ပတ် မှာ ကန်ဒေါ်လာ ၄၇ဝ (FOB) သာရှိတော့ရာ ပြီးခဲ့တဲ့ရက် သတ္တပတ်နဲ့ နှိုင်းယှဉ်ရာတွင် တစ်တန်ကို ကန်ဒေါ်လာ ၁ဝ ဈေးကျ သွားခဲ့တယ်။           ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိုင်းပြုတ်ဆန်က ဘရာဇီး ပြုတ်ဆန်နဲ့ ယှဉ်ပြိုင်ရောင်းချနေရတယ်။ ဘရာဇီးလ် က ပြုတ် ဆန်ကို တစ်တန်ကိုကန်ဒေါ်လာ ၄၆ဝ မှ ၄၇ဝ ကြားနဲ့ အာဖရိက နိုင်ငံတွေကို တင်ပို့လျက်ရှိရာ ထိုင်းပြုတ် ဆန်ထက် တစ်တန်ကို ကန်ဒေါ်လာ ၃ဝ မှ ၄ဝ နီးပါးဈေး သက်သာပါတယ်။           ဒါ့အပြင်ပါကစ္စတန်ပြုတ်ဆန်ကလည်း တောင်အမေရိ ကတိုက်ရဲ့ ယှဉ်ပြိုင်မှုကြောင့် ဖိအားပေးခံရလျက် ရှိပြီး တောင်အာရှမှ နောက်ဆုံးကမ်းလှမ်းဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဗီယက်နမ်ရဲ့ ဒုတိယကောက်ရိတ်သိမ်းချိန်ရောက်ရှိပါက ဆန်ဈေးနှုန်း တွေအပေါ် ထပ်မံအကျိုးသက်ရောက်ကာ ဆန်ဈေးနှုန်းတွေ ကျဆင်းစေမှာဖြစ်ပြီး ထိုင်းဆန်ဈေးနှုန်းလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။              တောင်အမေရိကမှ ဆန်တင်ပို့သူတွေက အာရှကိုဆန် တွေ ရောင်းချဖို့ရှိရာ ဆန်ဈေးနှုန်းတွေထပ်မံ ကျဆင်းနိုင် ကြောင်း သုတေသီတွေမှ ခန့်မှန်းလိုက်ပါတယ်။                           အေးမွန်မွန်လှိုင်၊Source:online.wsj.com