ပြည်ပဝယ်လိုအားကောင်းပေမဲ့ အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ဝယ် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခု တစ်ပတ် မေလ ၂၃ ရက်မှ ၂၇ ရက်ထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ် စာချုပ်ပြီးစီးမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် ပဲအားလုံးစုစုပေါင်း တန်ချိန် ၁၂ဝဝဝ ခန့်ထိ ရှိတာတွေ့ရပါတယ်။ မေလ၂ ရက်မှ၂၇ ရက်ထိ စုစုပေါင်း အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၈၅ဝဝဝ ကျော်ထိရှိတာတွေ့ရပါတယ်။ ယခုသီတင်းပတ်များမှာ မတ်ပဲကို ပြည်ပဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောင်သူများနဲ့ လှောင်လက်ကုန်သည်များ ရောင်းအားများ တဲ့အပြင် မိုးမိပဲအချို့ရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ ပေးဝယ်လာတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ပဲလက်ကျန်မှာလည်း အသင့်အတင့်သာရှိတော့တယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းလဲ လာတဲ့ ရန်ကုန် FOB ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၇-၅-၁၁ ၇၉ဝ-၈၁ဝ ၉၃ဝ-၉၅ဝ ၂ဝ-၅-၁၁ ၈၂ဝ-၈၄ဝ ၉၆ဝ-၉၈ဝ MIRT(MAPT)
Background