ယခုသီတင်းပတ် ပဲတီစိမ်း ပြည်ပအဝယ်စာချုပ်ချုပ်ဆိုမှု လျော့ကျ ရန်ကုန်တိုင်းကုန်စည်ဒိုင်(ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခုတစ်ပတ်(မေလ ၂၃ ရက်မှ ၂၇ ရက်) အတွင်း ပြည်ပ အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှု တန်ချိန် ၂ဝဝဝ ကျော်သာရှိလို့ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုသီတင်းပတ်များအတွင်း တရုတ်ဘက်မှ ဝယ်လိုအားပြန်တက်ခဲ့သလို လက်ရှိဈေးကို အိန္ဒိယဝယ်လက် တွေလည်း အကြိုက် တွေ့လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားပဲဈေးတွေ လျော့ကျနေတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်လာခြင်း မရှိဘဲ FOB ဈေးငြိမ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂ ရက် ရန်ကုန် FOB ဈေးမှာ ပဲတီစိမ်းအညာနဲ့ ပခုက္ကူဈေး တစ် တန် ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန် ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ နဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ MIRT - MAPT
Background