အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းပဲတီစိမ်းကြီး မုံရွာကုန်စည်ဒိုင်မှာ မေလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်သွက်ဆုံးပဲသီးနံှမှာ ပဲတီစိမ်းဖြစ်ကြောင်း သိရပါ တယ်။ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီမြို့နယ်များမှ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ မုံရွာ ကုန်စည်ဒိုင်ကို ဝင်ရောက်လာပြီး တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ပိဿာဈေးမှာ မေလ ၁ ရက်နေ့တွင် ၁၃၁၆ ကျပ်မှ မေလ ၁၈ ရက်နေ့တွင် ၁၆၃၂ ကျပ်သို့ဈေးမြင့်ခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ၁၅၅၃ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ရက်ကို အိတ် ၁၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ရန်ကုန်သို့ ပဲတီစိမ်းကြီးတင်း ၅၄ဝ ကျော် မန္တလေးသို့ တင်း ၁၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်- မုံရွာ
Background