Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိ

Tue, 05/31/2011 - 05:13 -- Anonymous (not verified)

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိ               ယခုတစ်ပတ် (မေလ ၁၉-၂၅ ရက်) အတွင်းမှာလည်း ထောပတ်ပဲနဲ့ မြေထောက်ပဲတွေကတော့ သင်္ဘောတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ထောပတ်ပဲတန် ၈၅ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃၅ဝ ကျော်တင်ပို့ခဲ့ပြီး တင်ပို့နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။               ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၉ဝဝ ထိ ရှိခဲ့ပြီး မြေထောက်ပဲတန် ၂၅ဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ပမာဏများ ကတော့ ထောပတ်ပဲတန် ၃၅ဝဝ နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ခန့်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။MIRT - MAPT