Main menu

Background

မုံရွာပဲကြီးဈေးကွက် ဒေသသုံးသာ အရောင်းသွက်

Tue, 05/31/2011 - 05:22 -- Anonymous (not verified)

မုံရွာပဲကြီးဈေးကွက် ဒေသသုံးသာ အရောင်းသွက်                   မုံရွာကုန်စည်ဒိုင် မေလပဲကြီးဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိခဲ့ပေမဲ့ မန္တလေးဝယ်လက်မရှိလို့ ကျဈေးဆက်လက်ဖြစ်ပေါ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာဈေးကွက်အတွင်း အဓိက စီးဝင်နေကျ ကနီ၊ ကင်းနဲ့ မင်းကင်း ဒေသတွေက ပဲပေါ်စအချိန်မှာ ရေလမ်းဖြင့် တစ်ရက်အိတ် ၃ဝဝဝ ခန့် ဝင်ရောက်ခဲ့ပြီး ဈေးအနေနဲ့ တစ်တင်း ၂၄၅ဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်ထိ ဈေးကောင်းရတတ်ကြပေမဲ့ ယခုလအတွင်းမှာတော့ ရေလမ်းက အဝင်ကြဲသွားကာ တစ်ရက်ကို အိတ် ၈ဝဝ ဝန်းကျင်သာဝင်ရောက်လျက်ရှိပြီး ပေါက်ဈေးက တစ်တင်း ၁၄ဝဝဝ ကျပ်ထိကျဆင်းသွားတာတွေ့ရပါတယ်။ ပဲကြီးအသစ်ပေါ်စ အချိန်က ရန်ကုန်ဝယ်လက်ရှိလို့ အမြင့်ဆုံး ရခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေမှာတော့ ဒေသတွင်း ကုန်သည် လှောင်လက်နဲ့ လုပ်ငန်းသုံးသမားအဝယ်သာရှိခဲ့လို့ အခုလို ဈေးအေးခဲ့ခြင်းဖြစ်တယ်လို့ ပဲကြီးပွဲရုံတစ်ခုမှ ကြားသိရပါတယ်။ ဒီနှစ်ထဲမှာ တရုတ်အဝယ်မရှိသေးလို့ တရုတ်အဝယ်မျှော်လင့်ရင်း ကုန်သည်အခိုျ့ ပဲကြီးဆက်လက် လှောင်လျှက်ရှိပြီး မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။                ထွန်းလှိုင်