Main menu

Background

ရန်ကုန်ဝယ်လက်အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ

Tue, 05/31/2011 - 05:23 -- Anonymous (not verified)

ရန်ကုန်ဝယ်လက်အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ               ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိ သလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ် ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေ ပြီး တစ်ခိုျ့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလ အတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် လျက်ရှိကာ ယခုမေလ စတုတ္ထပတ်တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း