Main menu

Background

ပြည်မတ်ပဲဈေးထပ်မံ လျော့နည်း

Tue, 05/31/2011 - 05:31 -- Anonymous (not verified)

ပြည်မတ်ပဲဈေးထပ်မံ လျော့နည်း                ယခင်တစ်ပတ်ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေး တစ်တင်းကို ၁၉၅ဝဝ ကျပ် ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ပဲတစ်တင်းကို ၁၈၅ဝဝ ကျပ်ထိလျော့ခဲ့ပြီး ပြည်ပွဲရုံများသို့ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်နည်းနေပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲအဝင်နည်းသော်လည်း မြို့တွင်း လှောင်လက်သမားများမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲတင်ပို့မှုရှိနေပါတယ်။ ပဲခူးတိုင်းဒေသကြီး မှ ရန်ကုန်သို့ တင်ပို့မှုကတော့ တစ်နေ့ကို မတ်ပဲအိတ် ၁၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။  မိမိအေး