Main menu

Background

Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2

Tue, 05/31/2011 - 05:34 -- Anonymous (not verified)

Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2                 ၂ဝ၁၁ ခု မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ ကျပ်-၁ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ် ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ်ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2 များ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝ ကျော်ရန်ကုန်သို့ V2 တင်း ၆ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်