ဓာတ်ဆီ၊ ဒီဇယ်ပုံမှန်တင်သွင်း ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး၊ စက်သုံးဆီဈေးကွက်အတွက် မေ ၁၅ရက် မှ ၂၁ ရက်တာကာလအတွင်း ဓာတ်ဆီပီပါ ငါးထောင့်လေးရာကျော်၊ တန်ချိန် အားဖြင့် တန် ၇၂ဝ နဲ့ ဒီဇယ် ပီပါတစ်သောင်းကိုးထောင်နီးပါး တန်ချိန်အားဖြင့် နှစ်ထောင့်ငါးရာနီးပါးကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုက တန်ချိန် ၃ဝ၁၃ တန်ရှိခဲ့ပြီး ယခုသီတင်းပတ် ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုမှာ တန်ချိန် ၃၂၁၄ တန်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် အနည်းငယ်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ် ဒီဇယ် တင်သွင်းမှုလျော့နည်း ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၃၂၆၈ ဂါလန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၅၁ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၉၃၂၁ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ထက် ဓာတ်ဆီ ၁၃၁၈၅ ဂါလန် တင်သွင်းမှုပိုမိုခဲ့ပြီး ဒီဇယ်ဆီ ၁၉ဝ၉၆ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် မေ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၃ ၄၅ဝဝ ၄ဝဝဝ ၃၈ဝဝ ၄ဝဝဝ၂၄ ၄၅ဝဝ ၄ဝဝဝ ၃၈ဝဝ ၄၃ဝဝ၂၅ ၄၅ဝဝ ၄ဝဝဝ ၃၈ဝဝ ၄၃ဝဝ၂၆ ၄၅ဝဝ ၄၂ဝဝ ၃၈ဝဝ ၄၃ဝဝ၂၇ ၄၅ဝဝ ၄၅ဝဝ ၃၈ဝဝ ၄၃ဝဝရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် မေ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၂၃ ၄၁ဝဝ ၂၅ဝဝ ၄ဝဝဝ ၄၂ဝဝ၂၄ ၄၁ဝဝ ၂၅ဝဝ ၄ဝဝဝ ၄၂ဝဝ၂၅ ၄၁ဝဝ ၂၅ဝဝ ၄ဝဝဝ ၄၂ဝဝ၂၆ ၄၁ဝဝ ၂၅ဝဝ ၄ဝဝဝ ၄၂ဝဝ၂၇ ၄၁ဝဝ ၂၅ဝဝ ၄ဝဝဝ ၄၂ဝဝMIRT-DOT
Background