Main menu

Background

ရွှေဈေးမြင့ ်တက်မည်ဟု HSBC က ခန့်မှန်း

Tue, 05/31/2011 - 06:18 -- Anonymous (not verified)

ရွှေဈေးမြင့ ်တက်မည်ဟု HSBC  က ခန့်မှန်း                 ယခုလ လဆန်းပိုင်းက ရွှေဈေးနှုန်းမှာ အတက်အကျအမျိုးမျိုးရှိနေပေ မဲ့ ရွှေဈေးကွက်ဟာ အတက်ဘက်မှာ ရှိနေလိမ့်မယ်လို့ ဥရောပမှာအကြီးမားဆုံးဘဏ်ကြီးဖြစ်တဲ jzpfwJh HSBC Holding PLc  ဘဏ်က မေ ၂၅ ရက်နေ့ကပြော ပါတယ်။                ပထဝီနိုင်ငံရေးအခြေအနေများ၊ လျှော့ချထားသော ငွေကြေးမူဝါဒများနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေး လိုငွေပြမှုတွေကြောင့် ဖြစ်ပေါ်ရတဲ့စိုးရိမ်မှုတွေက ရွှေဈေးပြန်လည်ဦးမော့ လာစေမဲ့ အကြောင်းရင်းတွေဖြစ်လာ နိုင်တယ်လို့ ဘဏ်ကပြောပါတယ်။               ယခုနှစ်မှာ ရွှေဈေးဟာ တစ်အောင်စကို ပျမ်းမျှ ၁၅၂၅ ဒေါ်လာထိ ရောက်လာနိုင်တယ်လို့ ဘဏ်ကခန့်မှန်း ထားပါတယ်။ ယခင်ခန့်မှန်းထားတဲ့ တစ်အောင်စ ၁၄၅ဝ ဒေါ်လာနှုန်းထက် တိုးမြှင့်ခန့်ထားတာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွက် ဖြစ်နိုင်တဲ့ဈေးနှုန်းကို စောစောပိုင်းက တစ်အောင်စဒေါ်လာ ၁၃ဝဝ လို့ ခန့်မှန်းထားရာက ယခုအခါ ဒေါ်လာ ၁၅ဝဝ ထိ တိုးမြှင့်ခန့်မှန်းခဲ့ပါတယ်။               ရွှေဈေးဟာ နှစ်ပေါင်းများစွာမြင့် တက်နေဦးမယ်လို့ ယုံကြည်ကြောင်း ံHSBC  မှဝေဖန်ဆန်းစစ်ရေးမှူး ဂျိမ်း စတီးကပြောပါတယ်။ မေ ၂၄ ရက်က ဇွန်လအတွက် ရွှေကြိုပွိုင့်ဈေးနှုန်းက ၇ ဒသမ ၉ဝ ဒေါ်လာ (သုည ဒသမ ၅ ရာခိုင်နှုန်း) မြင့်တက်ပြီး နယူးယောက် Comex ဒိုင် မှာတစ်အောင်စကို ၁၅၂၃ ဒသမ ၃ဝ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ မေ ၃ ရက် နောက်ပိုင်းအမြင့်ဆုံးဈေးဖြစ်ပါတယ်။ ရွှေဈေးဟာ မေ ၂ ရက်က တစ်အောင်စကို ၁၅၅၇ ဒသမ ၄ဝ ဒေါ်လာ နဲ့ အမြင့်ဆုံးရောက်ရှိပြီးမှ ပြန်ကျခဲ့ပါတယ်။ ရွှေတန်ဖိုးဟာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါတယ်။ Source:commodityonline.com    ဉာဏ်တင်