ပင်လယ်ရေကြောင်းမှ ဘိလပ်မြေ တန်ချိန် နှစ်သောင်းကျော်တင်သွင်း ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂ဝ၂၂၉ ဒသမ ၇ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်း ဖြန့်ဖြူးခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၆၇ဝဝ၊ ဆင်တံဆိပ် ဘိလပ်မြေ ၁၂၈၉၇ ဒသမ ၂ဝတန်နဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ် ဘိလပ်မြေ ၆၃၂ ဒသမ ၅ဝ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ခုနစ်ထောင်ကျော် ရှိခဲ့တဲ့အတွက် ယခု သီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် ၃ ဆကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေ တန် ၉၃ဝဝ နီးပါး တင်သွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ မူဆယ်စခန်းများမှ ကန်ဒေါ်လာ ၁ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၉၂၉၄ တန်ကျော် မေ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၅၉၇ တန် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးနယ်စပ်မှ ၇၁၈ဝ တန်၊ တာချီလိတ်မှ ၁၃၅၃ တန်၊ မြိတ်မှ ၇၃၁ တန်နဲ့ မူဆယ်မှ တန် ၃ဝ တင်သွင်းခဲ့ပါတယ်။ ဧပြီလမှ မေ ၂၄ ရက်ထိ နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုမှာ ၂၈၃၂၆ တန်ရှိနေပြီဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) - ၄၆ဝဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(မြို့တော်) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) - ၆ဝဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၅၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း - ၅၅၅ဝ -မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၆၅ဝ ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်မြန်မာ) ၆၆ဝဝ ၆၅ဝဝMIRT (MAPT)
Background