Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Tue, 05/31/2011 - 06:48 -- Anonymous (not verified)

နို့ဆီတန်ချိန်လေးရာကျော်တင်သွင်း             ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၄၄၃တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုက နေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းတံဆိပ်နဲ့ အိုကေတံဆိပ်တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းခြင်း မရှိ ခဲ့ပါဘူး။            ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ၁၅ဝ နီးပါးရှိခဲ့ပြီး ဒီသီတင်းပတ်အဝင်နဲ့ယှဉ်ရင် သုံးဆကျော် လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။            နို့မှုန့်အနေနဲ့ ဒီတစ်ပတ်မှာ သြစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့ ဘက်မှ တင်သွင်းလာတာ တွေ့ရပါ တယ်။ ဒီသီတင်းပတ်မှာ ၁၃၅ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး ယခင်သီတင်း ပတ် ၃၆ ကျော်တန်သာ တင်သွင်းနိုင်ခဲ့ တဲ့အတွက် ဒီတစ်ပတ်မှာ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။   MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်                မေ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၇၂ဝဝဝ တန်ဖိုးရှိနို့ဆီသေတ္တာ ၄၅ဝဝ (၈၅ ဒသမ ၃၂ တန်)နဲ့ ကန်ဒေါ်လာ ၂၁၂၅ဝဝ တန်ဖိုးရှိ နို့စိမ်း ၁၂၅ဝဝ သေတ္တာ(၂၃၇တန်) တင်သွင်း မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီသေတ္တာ ၃၈ဝဝနဲ့ နို့စိမ်းသေတ္တာ ၁၁၅ဝဝ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၉၄၉၂၆ တန်ဖိုးရှိ နို့မှုန့် ၃၃ ဒသမ ၃၄ တန် တင်သွင်းမှုရှိခဲ့ပါ တယ်။ MIRT (DOBT)  ပြည်တွင်းနို့ဆီ လက်လီဈေးများ                နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး       ကျပ်/တစ်ဘူး                          ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )             ၈ဝဝ    ၈၁၅ဒွန်း( နို့စိမ်း)            ၇၅ဝ    ၇၆၅Falcon နို့ဆီ            ၆၅ဝ    ၆၆၅Happy Cow(အနီ)   ၆ဝဝ    ၆၁၅Happy Cow (အပြာ) ၆၈ဝ   ၆၉၅အိုကေနို့ဆီ             ၇၂ဝ   ၇၃၅MIRT (DOT)