Main menu

Background

ရာသီဥတုပူနွေးလာခြင်းက ဝယ်လိုအား တက်စေတာကြောင့်တရုတ်စားအုန်းဆီတင်သွင်းမှုမြင့်တက်

Tue, 05/31/2011 - 06:54 -- Anonymous (not verified)

ရာသီဥတုပူနွေးလာခြင်းက ဝယ်လိုအား တက်စေတာကြောင့်တရုတ်စားအုန်းဆီတင်သွင်းမှုမြင့်တက်                     တရုတ်နိုင်ငံမှာ ရာသီဥတုပူနွေးလာခြင်းက စားသုံးဆီဝယ်လိုအားကို မြင့်တက် စေတာကြောင့် ယခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှု အမြင့်ဆုံး ပမာဏ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လမှာ တန်ချိန် ၄၅၃ဝ၈၉ တင်သွင်း ခဲ့ရာမှ ဧပြီလမှာ ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။              ပုံမှန်အားဖြင့် နွေရာသီဖြစ်တဲ့ နှစ်စဉ်ဧပြီလအတွင်း တင်သွင်းမှုမြင့်တက် လေ့ရှိတယ်လို့ Guoxin Funtures Co မှ လေ့လာဆန်းစစ်သူ Cao Yanhui u က ပြောကြားပါတယ်။ နွေရာသီမှာ စားအုန်းဆီ ခဲခြင်းမရှိလို့ အသုံးပြုမှု တိုးတက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခင်နှစ်ထက်တော့ သင်္ဘောတင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်ကြောင်း အကောက်ခွန်စာရင်းအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ယခင်လငွေကြေးဖောင်းပွမှုဟာ ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး နီးပါးရှိလာတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းခုျပ်ဖို့ တင်းကျပ်ခဲ့ပြီး စားဆီ အပေါ်လည်း ဈေးနှုန်းခုျပ်ကိုင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမ ၄ လအတွင်း တင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၅ သန်းရှိလို့ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အကောက်ခွန် စာရင်းများအရ သိရပါတယ်။                ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့်အတွက် စားအုန်းဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄ဝ၄ ရှိပြီး ပဲပုပ်ဆီ ဈေးလည်း ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၅၇ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: Bloonberg.net