Main menu

Background

ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ

Tue, 05/31/2011 - 07:08 -- Anonymous (not verified)

ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ              ပြည်ဈေးကွက် မိုးမြေပဲစိုက်ချိန်အဝင်မရှိသလောက်နည်းပေမဲ့ မြို့တွင်းပွဲရုံများမှ လှောင်မြေပဲများကို ထုတ်၍ ဆီကြိတ် နေသော်လည်း မြေပဲဆံဈေးမှာ မတက်ဘဲငြိမ်နေတာတွေ့ရပါတယ်။ လုံးဆံမြေပဲမှာ အဝယ်မရှိ သဖြင့် ဈေးမဖြစ်ဟု သိရပါ တယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ယခင်အပတ်အတိုင်း ၁၆၅ဝ ကျပ်ဈေးဖြင့် ဈေးငြိမ်ပြီး တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြစ်နေ တာတွေ့ရပါတယ်။    ဝေဝေမင်း