Main menu

Background

မုံရွာမှာ ကုလားပဲဖြူလုံးကြီး အရောင်းသွက်

Tue, 05/31/2011 - 07:12 -- Anonymous (not verified)

မုံရွာမှာ ကုလားပဲဖြူလုံးကြီး အရောင်းသွက်              ၂ဝ၁၁ ခုနှစ် မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ကျပ်-၁ဝဝဝကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ် ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2  များ မုံရွာ ကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြုလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝကျော် ရန်ကုန်သို့ V2  တင်း ၆ဝဝကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်