Main menu

Background

ကလေး ပဲနီလုံးရိုး မန္တလေးတိုက်ရိုက်သွား

Tue, 05/31/2011 - 07:19 -- Anonymous (not verified)

ကလေး ပဲနီလုံးရိုး မန္တလေးတိုက်ရိုက်သွား                မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း စွန်တာနီခေါ် ပဲနီလုံးရိုး တစ်ပိဿာအနိမ့်အ မြင့်ဈေးမှာ ၆ဝဝ ကျပ်-၇ဝဝ ကျပ် ဈေးပေါက်ပြီး ကလေးမြို့မှာ ၅၅ဝ ကျပ်-၆၅ဝ ကျပ် ဈေးပေါက် ကြောင်း သိရပါတယ်။ ဒေသတွင်း စားသုံးမှုနဲ့ လက်လီသမားများ ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ စွန်တာနီခေါ် ပဲနီလုံးရိုး တင်း ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။             ကလေးမြို့မှ စွန်တာနီခေါ် ပဲနီလုံးရိုးများ မုံရွာမြို့သို့ ဝင်ရောက်မှုရှိသလို မန္တလေးသို့ တိုက်ရိုက်တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးသို့ ပဲနီလုံးရိုး တင်း ၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်