နယ်စပ် သစ်သီးဝလံကုန်သွယ်မှု ယခုအချိန်ဟာ သရက်သီးရာသီချိန်ဖြစ်တဲ့အတွက် နယ်စပ် စခန်းများဖြစ်တဲ့ မူဆယ်မှ ရွှေဟင်္သာ၊ စိန်တလုံးနဲ့ အကြမ်းသီးများ တင်ပို့နေသလို မောင်တော၊ တမူးနဲ့ ချင်းရွှေဟော်တို့မှလည်း သရက်သီးများ တင်ပို့လျက်ရှိပါတယ်။ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၈၇ သန်းကျော် တန်ဖိုးရှိ သရက်သီး ၃၈၆၄ တန်ကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖရဲရာသီကုန်လုပြီဖြစ်လို့ ယခုအပတ်မှာတော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၄၅ သန်း တန်ဖိုးရှိ ဖရဲသီး ၄၁၁ တန် မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ကျပ်သန်း ၂၂ဝ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၂၂ဝ၃ တန် ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။ မိမိရာသီ သီးနံှများ တင်ပို့နေသလို့ တစ်ဘက်နိုင်ငံမှ ကန်ဒေါ်လာ ၄၇၇၄ဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၆ တန် ကျော် မူဆယ်နယ်စပ်မှ တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)
Background