Main menu

Background

နယ်စပ် ပရဆေးကုန်သွယ်မှု

Tue, 05/31/2011 - 07:34 -- Anonymous (not verified)

နယ်စပ် ပရဆေးကုန်သွယ်မှု               မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ပုံမှန်တင်ပို့နေတဲ့ ပရဆေးကုန်ကြမ်းတွေ ကတော့ ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်းဖတ်စေ့၊ ဆေးမြင်းခွာ၊ မာလာဥ၊ မာလာဥခေါင်း၊ တောဂျင်း၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ဖန်ခါးသီး ခြောက်၊ တောင်လုံးကျော်၊ ခပေါင်းစေ့၊ တောဂူျးမြစ်နဲ့ စကားပန်းပွင့်ခြောက် ၃၉၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၆၅ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၄ဝ၆ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် ၉ တန်ခန့်သာ တင်ပို့မှု လျော့နည်းခဲ့ပါတယ်။               တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁၃ သန်း တန်ဖိုးရှိ တောင်လုံး ကျော် ၁ ဒသမ ၅ တန်နဲ့ ရှိန်းခို ဝ ဒသမ ၆ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)