Main menu

Background

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှုပို

Tue, 05/31/2011 - 07:37 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှုပို                 မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ဝ၉၆ သန်းတန်ဖိုးရှိ ရော်ဘာ ၈၄၁ ဒသမ ၇ တန်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ၆၂၈ သန်းတန်ဖိုးရှိ ရော်ဘာ ၁၂၉ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၉၇ဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၄ တန်ခန့် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၆ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်အလိုက်ရော်ဘာ တင်ပို့နိုင်မှုတွေ ကတော့ မူဆယ် RSS-3 ၄၉၆ ဒသမ ၅ တန်၊RSS-5  ၇၁ ဒသမ ၂ တန်၊ MSR -20  ၁ဝ၅ တန်နှင့်MSR -50 ၁၆၉ တန်နဲ့ချင်းရွှေဟော်မှ RSS-3  ၅၉တန်နဲ့RSS-5  တန် ၇ဝ အသီးသီး ဖြစ်ပါတယ်။ယခုအပတ်မှာ ရော်ဘာ ဈေးများ မြင့်တက် ရရှိတဲ့ အတွက် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                           မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု            ယခင်    ပြောင်းလဲမှု     %    ယခု        ယခင်    ပြောင်းလဲမှု     %RSS-3     ၃ဝ၂၄ဝဝဝ     ၃ဝ၂၄ဝဝဝ       -           -     ၄၃၁၃    ၃၆၉ဝ         ၆၂၃          ၁၄RSS-5    ၂၉၁၂ဝဝဝ     ၂၉၁၂ဝဝဝ        -           -      ၄၂၃၆   ၃၆၁၄         ၆၂၂          ၁၅MIRT (DOBT)