Main menu

Background

မွန်ပြည်နယ်ရော်ဘာလုပ်ငန်း ခေတ္တရပ်နား

Tue, 05/31/2011 - 07:42 -- Anonymous (not verified)

မွန်ပြည်နယ်ရော်ဘာလုပ်ငန်း ခေတ္တရပ်နား              ယခုနှစ် မွန်ပြည်နယ်အတွင်း အနောက်တောင်မုတ်သုန်လေ ဝင်ရောက်ချိန်ကာလထက် စောစီးစွာ မိုးရွာသွန်းခဲ့ တာကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများ ပိတ်သိမ်းခဲ့ရသလို ရော်ဘာရောင်းဝယ်သူ ကုမ္ပဏီ အဝယ်ဒိုင်အချို့လည်း ရောင်းဝယ်မှု ရပ်နားခဲ့တာကို တွေ့ရပါတယ်။ ရော်ဘာခြံရှင်များအနေဖြင့် အစေးခြစ် ရပ်နားတဲ့ ယခုကာလများမှာ အပင်များအစေးထွက်နှုန်း ကောင်းမွန်လာစေရေးအတွက် မြေသြဇာကျွေးခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းစတဲ့ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။             ရော်ဘာဈေးကွက်အခြေအနေမှာလည်း ပြည်ပဝယ်လိုအား နည်းပါးလာခြင်းအပေါ် အရောင်းအဝယ် အေးနေပြီး လက်ရှိ အခြေအနေတွင်RSS-3 တစ်ပေါင်ကို ၁၆ဝဝ ကျပ်နဲ့RSS-5 တစ်ပေါင် ၁၅ဝဝ ကျပ် ရှိနေကြောင်း သိရပါတယ်။ စီးဆင်းမှုအနေဖြင့် မွန်ပြည်နယ်မှ ရန်ကုန်နဲ့ မန္တလေးမြို့များသို့ မေလ ၁ ရက်မှ ၂၁ ရက်နေ့အထိ တန်ချိန်ပေါင်း ၄၅ဝဝ ကျော် တင်ပို့ခဲ့ကြောင်း မရမ်းချောင်စစ်ဆေးရေးဂိတ်မှ စာရင်းဇယားများအရ သိရပါတယ်။   အောင်လွင်