Main menu

Background

မေလကုန်တွင် ရော်ဘာဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်

Tue, 05/31/2011 - 07:45 -- Anonymous (not verified)

မေလကုန်တွင် ရော်ဘာဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်                      သွင်းကုန်တွေ ဈေးချိုလာခြင်းနဲ့ ပြည်တွင်းအထွက်နှုန်း မြင့်မားလာခြင်းကြောင့် မေလကုန်မှာ ရော်ဘာဈေးနှုန်း ၁၁ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်ကြောင်း အိန္ဒိယရော်ဘာသုံး တာယာလုပ် ငန်းနဲ့ အခြား စက်မှုလုပ်ငန်းများက မျှော်လင့်နေကြပါတယ်။ ယခု လက်ရှိမှာ ရော်ဘာဈေးနှုန်းက တစ်ကီလိုကို ၂၂၂ ရူပီး (၄ ဒသမ ၉ ဒေါ်လာ) ရှိရာကနေ မေလကုန်မှာ ရူပီး ၂ဝဝ ( ၄ ဒသမ ၄၅ ဒေါ်လာ)ကို ကျဆင်းသွားနိုင်ကြောင်း စက်မှုကျွမ်းကျင်သူများက ပြောပါတယ်။ ကြိုပွိုင့်ဈေးတွေကတော့ ဧပြီလကုန်ကတည်းက ကျဆင်းနေတာဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာဈေးနှုန်းက ဇွန်လ တိုင်အောင် တစ်ကီလိုကို ရူပီး ၂ဝဝ အထိ ကျဆင်းနိုင် ကြောင်း အိန္ဒိယရော်ဘာရောင်းဝယ်သူများအသင်း (IRDF)  ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရာသီဥတု အခြေအနေကောင်းမွန် တာကြောင့် ရော်ဘာအစေးထွက်ကောင်းပြီး ထုတ်လုပ်မှုတက်လာခြင်းက ဈေးနှုန်းကျစေတဲ့အပြင် ကမ္ဘာ့ဈေးနှုန်းကျတာကြောင့် ရော်ဘာ သွင်းကုန်ဈေးတွေလဲ ကျဆင်းလာကြောင်း (IRDF) ရဲ့ ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယရဲ့ ရော်ဘာ ထုတ်လုပ်မှုဟာ ၂ဝ၁၁-၂ဝ၁၂ မှာ တန် ၉ဝ၂ဝဝဝ အထိ ထွက်ရှိနိုင် ကြောင်း ခန့်မှန်းထားပါတယ်။ တောင်သူများကလည်း မုတ်သုံရာသီ မတိုင်မီအချိန်မှာ ၎င်းတို့ရဲ့ သိုလှောင်မှုကို အများဆုံးသိုလှောင် ထားကြပြီး ဈေးကောင်းထပ်မံ ရဦးမယ်လို့ မျှော်လင့်နေကြကြောင်း သိရပါတယ်။ မိုးရာသီမှာတော့ စိုစွတ်တဲ့ရာသီဥတုကြောင့် ရော်ဘာ ပင်တွေ မှိုစွဲရောဂါဖြစ်ပြီး ပျက်စီးတတ်ကြောင်း ၎င်းကပြောကြား ခဲ့ပါတယ်။ ခရင့်ဗ်ရော်ဘာဈေးနှုန်းက တစ်ကီလိုကို ရူပီး ၂ဝဝ ဖြစ်ပြီး သွင်းကုန်ခွန် ရူပီး ၂ဝ ပေးဆောင်ရသည့်တိုင် ပြည်တွင်းဈေးထက် သက်သာနေသေးကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဘန်ကောက်ဈေးနှုန်းက တစ်ကီလိုကို ရူပီး (၂၂၈-၂၃ဝ) လောက် ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ယခု လက်ရှိမှာတော့ အိန္ဒိယရဲ့ နေ့စဉ်ရော်ဘာ တင်သွင်းမှုက တန် ၁ဝဝဝ ခန့်ရှိကြောင်း သိရပါတယ်။ Source:msn KZW