နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၁၃ဝဝဝ ကျော်ရှိ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ်နယ်စခန်း တွေကနေပြီး ကန်ဒေါ်လာ ၃ ဒသမ ၆၁၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၃ဝဝ၃ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ယခင်အပတ် တင်ပို့မှုထက် တန် ၃၇ဝ ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး မူဆယ်နယ်စပ်မှ ၇၉၃ တန် လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် နယ်စပ်မှ ပြောင်း တင်ပို့မှု တန် ၄၂ဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် လွယ်ဂျယ်မှ ၆၇၂ တန်နဲ့ မူဆယ်မှ ၁၂၃၃၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ လားရှိုးပြောင်းဈေး တစ်တန်ကို ၁၇၁၄၇ဝ ကျပ်ရှိပြီး ပြည်တွင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိခြင်း အတွက် ပြည်တွင်းလက်ကျန် ပြောင်းနည်းခြင်းတို့ကြောင့် တင်ပို့မှု လျော့နည်းခဲ့ရ တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ မိမိဘက်မှာ နံှစားပြောင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိပြီး ပြောင်းဆံဈေးကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ် ဖက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂ဝ၈၇၄၅ ၂ဝ၆၅၅၅ ၂၁၉ဝ ၁ ၂၆၂ ၂၆၁ ၁ ဝ .၄နံှစားပြောင်း ၂၃၃ဝ၆၅ ၂၃၄၁၉ဝ ၁၁၂၅ ဝ .၅ ၂၈၃ ၂၈၁ ၂ ဝ .၇MIRT (DOBT)
Background