တရုတ်သွားနေတဲ့ မန်းပြောင်း မန်းဈေးကွက်အတွင်းရှိပြောင်းဖူးစေ့များကို ယခင်လများတွင် ဒေသတွင်း အစားစပ်လုပ်ငန်းရှင်များမှသာ အဓိကထားဝယ်ယူနေရာမှ ယခုအခါ တရုတ်ဝယ်လို အားပါ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဈေးကွက်အတွင်း သို့ မြင်းခြံ၊ ငါန်းဇွန် ဒေသများမှ ထွက်ရှိတဲ့ စီပီပြောင်းများအပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များလည်း ဝင်ရောက်မှုရှိပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားရှိပေမဲ့လည်း ဈေးအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်နေပြီး ပြောင်းဖူး စေ့(ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်၊ ပြောင်းဖူး စေ့(ဗမာ) တစ်ပိဿာ ၂၅ဝ ကျပ်၊ တစ်တန် ၁၅၃ဝဝဝ ကျပ်၊ စီပီပြောင်း တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှု အနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၁၄ဝဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
Background