Main menu

Background

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာသန်း ၆ဝ ကျော်ရရှိ

Tue, 05/31/2011 - 08:33 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာသန်း ၆ဝ ကျော်ရရှိ              ၂ဝ၁၁-၁၂ ခုနှစ် ဘဏ္ဍာနှစ် အတွင်း ရေထွက်ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၆ဝ ကျော်ရရှိထားပြီဖြစ်ကြောင်း၊ မေ ၂၄ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။                 ''ဧပြီ ၁ ရက်ကနေ မေ ၂၁ ရက်အထိကို ပုံမှန်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃၅ သန်းကျော်၊ မူဆယ်နယ်စပ်ကုန် သွယ်ရေးကနေ ဒေါ်လာ ၆ သန်းကျော်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃ သန်းကျော်၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ ၂ သန်းခန့်၊ မြိတ်နယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃ သန်းကျော်၊ မောင်တောစခန်းကနေ ဒေါ်လာ ဝ.၃၁ သန်းစသည်ဖြင့် စုစုပေါင်းဒေါ်လာ ၆ဝ.ဝ၇၉ သန်း ရရှိထားပြီးဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ရေထွက်ကုန်တွေအနေနဲ့ ပါကူးငါး၊ တီလားပီးယား၊ ငါးမြစ်ချင်းတွေကို အကောင်လိုက် မဟုတ်ဘဲ တင်ပို့မှုတွေ ပိုလုပ်နိုင်ခဲ့ပါ တယ်''ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပြသည်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၁ ရက်အထိ တင်ပို့မှုက ဒေါ်လာ ၄.၄၄ သန်းရရှိခဲ့ပြီးဖြစ်သည်။                   K.M.T