Main menu

Background

ရေချိုငါး ကုန်တက်ကောင်းသော်လည်း ဈေးအေး

Tue, 05/31/2011 - 08:33 -- Anonymous (not verified)

ရေချိုငါး ကုန်တက်ကောင်းသော်လည်း ဈေးအေး                      ကြည့်မြင်တိုင် စံပြငါးဈေးကြီးသို့ ရေချိုငါးကုန်တက်အား ကောင်းနေသော်လည်း ဈေးအေးနေသေးကြောင်း ရေချိုငါးလုပ်ငန်းရှင်များထံက သိရသည်။ ''အခုချိန်က ရေချိုငါးထုတ်ရောင်းတဲ့ကာလဖြစ်တာ ကြောင့် တစ်နေ့ပိဿာချိန် ၂၅ဝဝဝဝ ဝန်းကျင် အဝင်ရှိ နေပါတယ်။ မေလ အတွင်းမှ ရေချိုငါးတွေထဲမှာ အဓိက မွေးမြူတဲ့ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်က အဝယ်ရှိနေ ပါတယ်။ မေလ ၈ ရက်လောက်အထိ ရေချိုငါးတန် ၃ဝဝ ကျော်၊ မေလ ၉ ရက်ကနေ ၁၅ ရက်အထိကို ရေချို ငါးတန် ၃ဝဝ ကျော်၊ မေလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ရေချို ငါး ၁ဝ တန်ကျော်တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေချိုငါးက ကုန်တက်လည်းကောင်း၊ ဝယ်လက်လည်းရှိနေပေမယ့် ဈေးနှုန်းရရှိမှုက နည်းနေပါသေးတယ်။ ဈေးကွက်ကျွမ်းကျင်သူ အချို့က ငါးဈေးကျနိုင်သေးတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါကြောင့် ငါးမွေးမြူသူအများစုက အရှုံးနှင့် ရင်ဆိုင် နေကြရပါဦးမယ်''ဟု ရေချိုငါးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကြည့်မြင်တိုင်စံပြငါးဈေးကြီးတွင် ၂ကစ အရွယ် ငါးမြစ် ချင်းတစ်ပိဿာလျှင်(၁၈ဝ-၁၉ဝ) ကျပ်ရှိနေသည်ဟုဆိုသည်။               KMT