Main menu

Background

ပြည်ပပို့ကုန်ငါးများ ရေခဲတင်မှုကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန်လို

Tue, 05/31/2011 - 08:36 -- Anonymous (not verified)

ပြည်ပပို့ကုန်ငါးများ ရေခဲတင်မှုကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန်လို                ပြည်ပနိုင်ငံများသို့ တင်ပို့ သည့်ငါးများ ရေခဲတင်သည့်ကိစ္စ ကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ''ရေခဲတင်တာကောင်းရဲ့လား၊ မကောင်းဘူးလား၊ ဒီလိုရေ ခဲတင်ခြင်းအားဖြင့် ရရှိမယ့်ဈေးနှုန်းကို ဘယ်လိုသက်ရောက်မှုရှိမလဲ။ တင်ပို့သူဘက်က ဘယ်လိုနစ်နာမှုတွေ ရှိလာနိုင်သလဲ။ ဈေးကွက်မှာ လိုအပ်ချက်ကဘာလဲ။ ဈေးကွက်မှာ ကိုယ့်လူတွေ ဘယ်လိုပြိုင်နေသလဲ။ အချင်းချင်း ပြန်တိုက်ခိုက်နေရတာနဲ့ ဘယ်လိုဈေးကွက်ပျက်သလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဖို့လိုပါ လိမ့်မယ်။ ဒီဆွေးနွေးပွဲကရရှိတဲ့ အခြေအနေအတိုင်း ဆက်ပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်အင်္ဂါနေ့တိုင်းပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲ၌တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                 ပြည်ပနိုင်ငံများသို့ ငါးများ တင်ပို့ရောင်းချရာတွင် ကြာရှည် ခံနိုင်ရန်အတွက် ရေခဲသားတင် ခြင်းကို ၂ဝဝ၈ ခုနှစ်တွင် ငါး အလေးချိန်၏ ၁၂ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်မှ လက်ရှိအခြေအနေအထိ ငါးအလေးချိန်၏ ၂ဝ ရာခိုင်နှုန်းကို လည်းကောင်း ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည်ဟု ဆိုသည်။     ခင်မျိုးသွယ်