Main menu

Background

ပုစွန်မွေးမြူရေးအားကောင်းလာ

Tue, 05/31/2011 - 08:37 -- Anonymous (not verified)

ပုစွန်မွေးမြူရေးအားကောင်းလာ            ယခုနှစ်အတွင်း ပုစွန်မွေးမြူရေးသမားများအနေဖြင့် ပုစွန်ဖြူများမွေးမြူမှု ပိုမိုအားကောင်းလာကြောင်း ငါး-ပုစွန် မွေးမြူသူများထံက သိရသည်။ ဒီနှစ်ထဲမှာBlack Tiger  သားဖောက်လုပ်ငန်းလျော့ကျ ပြီး၊ ပုစွန်မွေးမြူရေးက အားရဖို့ရှိနေပါတယ်။ သားဖောက် ထုတ်နိုင်ဖို့အတွက် ဝယ်အားကောင်ရေ ၇ သန်း ရှိပါမှ တွက် ခြေကိုက်မယ့် အနေအထားရှိပါတယ်''ဟု ပုစွန် လုပ်ငန်းရှင် များအသင်းမှ ဦးသန်းဝင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူမှုကို ၁၉၉ဝ ခုနှစ်များကျော် က စတင်နိုင်ခဲ့ပြီး၊ မွေးမြူရေးသမားများ တိုးခဲျ့မွေးမြူလာ သည့် ပုစွန်ဖြူမှာ ထိုင်းနိုင်ငံကတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခု နှစ်အတွင်း ပုစွန်ဖြူများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ဒေသတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ဒေသတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တန်းဇုန်တွင်လည်းကောင်း တိုးခဲျ့စမ်းသပ်မွေးမြူလာကြောင်း သိရသည်။  K.M.T