မန်စီလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရေး

မန်စီလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရေး                 ကူမင်းခရိုင်အစိုးရအဖွဲ့နဲ့ တဲ့ဟုန်တိုင်းအစိုးရအဖွဲ့တို့ပူးပေါင်း၍ ဝမ်တိန်နယ်စပ် ဝင်ထွက်စခန်းနဲ့ ရွှေလီနယ်စပ်ဝင်ထွက်စခန်းတွေရဲ့ နယ်စပ်ကုန်သွယ်စီးပွားနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ တရုတ်နိုင်ငံသတင်းစာများမှာ ဖော်ပြထားပါတယ်။ လေ့လာစုံစမ်းမှုအရ ရွှေလီခရိုင်အား ပိုမိုလွတ်လပ်တဲ့တံခါးဖွင့်လှစ်ရေး စမ်းသပ်နယ်စပ်နယ်မြေအဖြစ် တည်ထောင်ခြင်းဖြင့် အရှေ့တောင် အာရှနဲ့ တောင်အာရှကို ရှေ့ရှုပြီး ပြည်ပကုန်သွယ်မှုတိုးတက်လာစေနိုင်မယ်။ အခွန်အခများ စုဆောင်းကောက်ခံတဲ့နယ်မြေအဖြစ် ဖော်ဆောင်မယ်။ တစ်ပြိုင်နက်တည်းမှာ မန်စီလေဆိပ်ကို နိုင်ငံတကာအဆင့်မီ တဲ့ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ရေးဆောင်ရွက်မယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။                    မန်စီလေဆိပ်ကို နိုင်ငံတကာအဆင့်မီ နယ်စပ်ဝင်ထွက်မှုလေဆိပ်အဖြစ် တင်ပြလျှောက်ထားခြင်းဟာ ကူမင်းနဲ့ တဲဟုန်တိုင်း ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းဖြစ်တဲ့ ကူမင်း-မန်စီ-ရွှေလီ- မူဆယ်မန္တလေး- ကျောက်ဖြူမြို့များအထိ မီးရထားလမ်းနဲ့ အဆင့်မြင့်အမြန်လမ်းကြောင်း၊ ရင်ကျန်းမှ မြန်မာနိုင်ငံမြစ်ကြီးနားအထိ ကုန်းလမ်းကြောင်း၊ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်း၊ ဘင်္ဂလားဒေ့ရှ်ထိ မီးရထားလမ်းနဲ့ ကုန်းလမ်းဆက်သွယ်မှု လမ်းကြောင်း၊ ရွှေလီ-လုံတောင်း-လုံးချွမ်း-ကျန်ဖုန်းမှ ဗန်းမော်ထိ ရေလမ်းနဲ့ ကုန်းလမ်းအကြီးစားဆက်သွယ်မှုတို့နဲ့အတူ မန်စီလေဆိပ်အား နိုင်ငံတကာလေဆိပ်အဆင့်သို့ တိုးမြှင့်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုနေတယ်လို့ သိရပါတယ်။ Source:ယူနန်ရှင်ရှိပေါင် (တင်လတ်၊မူဆယ်)