Main menu

Background

ကားအရောင်းအဝယ် အကောင်းကြီးမဟုတ်သော်လည်း အသင့်အတင့်ရှိနေ

Tue, 05/31/2011 - 09:05 -- Anonymous (not verified)

ကားအရောင်းအဝယ် အကောင်းကြီးမဟုတ်သော်လည်း အသင့်အတင့်ရှိနေ                    မေလနောက်ဆုံးပတ် ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေမှာ ကားဈေးတန်း အနည်းငယ် ခိုင်မာလျက်ရှိ ပြီး ပုံမှန်မဟုတ်သော်လည်း ကြိုကြား ကြိုကြား အရောင်းအဝယ်များ ဖြစ် ကြောင်း သိရသည်။ ကားပွဲစားတန်း နေရာစုံ၌ အစည် ကားကြီးမဟုတ်သော်လည်း လူအသင့် အတင့်အဝင်အထွက်ရှိပြီး အရောင်း အဝယ်လေးများ ဟိုနေရာ တစ်စီးစနှစ်စီးစ၊ ဒီနေရာတစ်စီးစရှိနေကြောင်း၊ ကားဈေးတန်း မာနေသည်ဟု မပြောနိုင်သော်လည်း ယခင်ကထက်စာလျှင် အနည်းငယ်ခိုင်မာနေကြောင်း အပေါ်ဝိုင်း အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။                   အထူးသဖြင့် အလယ်အလတ်တန်းစားကားများ၊ အောက်ကားများ၊ CNG သုံး တက္ကစီအငှားယာဉ်များမှာ ဝယ် လက်၊ ရောင်းလက်များ အနည်းငယ် ရှိနေပြီး အလုပ်ဖြစ်နေကြောင်း၊ သို့ဖြစ်ရခြင်းမှာ ကျောင်းဖွင့်ရာသီရောက် ရှိလာပြီဖြစ်၍ လည်းကောင်း၊ အခြား ရင်းနှီးမြှုပ်နံှမှုများ ဈေးနှုန်းကျဆင်းပြီး ဈေးမတည်ငြိမ်မှုကြောင့် လည်းကောင်း၊ အရင်းအနှီးများပြီး ဈေးနှုန်းမြင့်တက်သထက် တက်နေသော အိမ်၊ခြံ၊မြေ ရင်းနှီးမြှုပ်နံှမှုတွင် ငွေရင်းမပြည့်မီသောကြောင့် လည်းကောင်း၊ ငွေရင်းနည်း သောအချို့မှာ တစ်ပိုင်တစ်နိုင် အောက်ကားလေးများ အလယ်အလတ်တန်း ကားများ ပြန်၍ဝယ်ထိန်းလုပ်လာ ကြ သဖြင့်လည်းကောင်း ယခုအခြေဖြစ် ပေါ်လာကြောင်း ပြောသည်။ သို့ရာတွင် အနည်းငယ် ဈေးမာရုံ နှင့် ဈေးပြန်တက်နိုင် မတက်နိုင်ဆိုသည့် အချက်အား မပြောနိုင်ဘဲ အချိန် အခိုက်အတန့်တစ်ခုသာ ဖြစ်နိုင်ကြောင်း ဝါရင့်အကျိုးဆောင်ပုဂ္ဂိုလ် များမှ ပြောကြသည်။                ယခုလက်ရှိ အရောင်းအဝယ် လိုက်ပြီး ဈေးတန်းပြန်ခိုင်မာသလိုဖြစ်နေသော ကားများမှာ လူသုံးများ လူ ကြိုက်များ ကားများဖြစ်သည်။ ဆူဇူကီး (R+) သည် ၂ဂ/၃ဂဆိုလျှင် ယခင်က ကျပ်သိန်း ၂၂ဝ၊ ၂၃ဝသိန်းခန့်ရှိရာမှ ယခု ကျပ်သိန်း ၂၆၀ ထိခေါ်ရောင်းကြပြီး အဝယ်လိုက်သော စူပါကပ်စတန် မော်ဒယ်မြင့်ကားမှာလည်း ၃၆ဝသိန်း၊ ကျပ်သိန်း ၃၇ဝ မှ ၄ဝဝ ကြားထဲ ခေါ် ရောင်းကြကြောင်း၊ မြန်မာ စမော ဆလွန်းမှာမူ ကျပ်သိန်း ၁၄ဝ-၁၅ဝ ဈေးတန်းနေပြီး ခေါ်ရောင်းကြကာ တေ့တေ့ဆိုင်ဆိုင်ဆိုလျှင် ဈေးဆင်း လာတတ်ကြောင်း သိရသည်။                                             SN