အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များတည်ဆောက်ရေးစီမံကိန်း ဆောက်လုပ်မှုအချို့ ၅ဝ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီး မန္တလေးမြို့ ၆၃ လမ်းနှင့် ၆၆ လမ်း ကြား၊ ထုံးဘိုဖြတ်လမ်းနှင့် ကနောင်မင်း သားကြီးလမ်းကြား စွယ်တော်မြတ် စေတီတော်အနီးတွင် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနှင့် ကုန်စည်ဒိုင် များ တည်ဆောက်ရေး စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော ဆောက်လုပ်မှုအချို့မှာ ၅ဝ ရာခိုင်နှုန်းကျော် ဆောက်ပြီးတာ တွေ့ရပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက '' ကုမ္ပဏီ ခုနစ်ခု က လူနေဆိုင်ခန်း နှစ်ထပ်အဆောက် အအုံ ဆောက်လုပ်တယ်။ အဆောက်အအုံ ဆောက်လုပ်နေတာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးတာလည်းရှိတယ်။ အရှေ့ဘက်က အဆောက်အအုံတွေဆို ဆေးသုတ်ပြီးပြီးဆိုတော့ ၈၅ ရာခိုင်နှုန်း ပြီးတယ်လို့ ပြောရမယ်။ ခုမှစလုပ်နေတဲ့ လုပ်ငန်းတွေလည်းရှိတယ်။ လေးထပ် အဆောက်အအုံနဲ့ နှစ်ထပ်အဆောက် အအုံတွေ ဆောက်လုပ်နေတယ်။ ကိုယ့် ကုမ္ပဏီအလိုက် ခွဲထားတယ်။ ကျွန် တော်တို့က ပေ ၂၅ xပေ ၆ဝ အကျယ် မှာ ခြောက်ခန်းတွဲ နှစ်ထပ်အဆောက် အအုံ အာစီဆောက်နေတာ။ မြေညီ ထပ်မှာ ရေချိုးခန်း၊ အိမ်သာပါမယ်၊ ပထမထပ်မှာ အိတ်ခန်းတစ်ခန်းပါမယ်။ ကားပါကင်က ကားထိုးလို့ရအောင် ၅၂ ပေအကျယ် ပြုလုပ်ထားတယ်''လို့ ပြော ပါတယ်။ အဆိုပါစီမံကိန်းအကောင်အထည် ဖော်ရာတွင် မြို့ပြအင်္ဂါရပ်နှင့်အညီ ကုန်သွယ်မှုပြုရာတွင် အဆင်ပြေစေရန် အတွက် အကျယ်အဝန်း ၆၂ ဒသမ ဝ၈ ဧကရှိ မြေနေရာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြေသားလမ်းနှင့် ကွန်ကရစ်လမ်းခင်း ခြင်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာအတွင်းတွင် ကား ရပ်နားရန် ဧရိယာ ၂ ဒသမ ၂၉ ဧက၊ ကွန်တိန်နာကွင်း ဧရိယာ ၄ ဒသမ ၆၃၃ ဧက၊ ကွပ်ကဲရေးဇုန် ဧရိယာ ၄ ဒသမ ၇၂ ဧက၊ ပွဲရုံနှင့်ကုန်စည်ဒိုင်များ ဇုန် ဧရိယာ ၁၃ ဒသမ ၁၁ ဧက၊ သိုလှောင်ရုံများဇုန် ဧရိယာ ၃ ဒသမ ၅၉ ဧက၊ အထောက်အကူပြုလုပ်ငန်းများ ဇုန် ဧရိယာ ၇ ဒသမ ၄၁ ဧက၊ ဝန်ဆောင်မှုလုပ်ငန်းများဇုန် ဧရိယာ ၃ ဒသမ ၅၆ ဧက၊ အကောက်ခွန်နှင့် စစ်ဆေးရေးဇုန် ဧရိယာ ၃ ဒသမ ၂၁ ဧကနှင့် တည်ဆောက်ရေးလုပ်ငန်းများ အဖြစ်ဇုန် ကိုးခုကို ယခုနှစ်ကုန်တွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထား ကြောင်း သိရပါတယ်။ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းနှင့် ကုန်စည်ဒိုင်များ တည်ဆောက်ခြင်းကို ၂ဝ၁ဝ ခုနှစ် နှစ်လယ် ကစ၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ စီမံကိန်းဧရိယာအတွင်း ပေ ၁ဝဝ နှင့် ပေ ၈ဝ အကျယ်ရှိ လမ်းများ အပါအဝင် ဂိတ်ကြီး ခြောက်ခု၊ ဂိတ်ငယ် တစ်ခု၊ ယာဉ်စစ်ဆေးရုံး နှစ်ခု၊ X- Ray ပေ တစ်ခု၊ ပေ ၈ဝ x ပေ ၂ဝဝ အကျယ်ရှိ ဂိုဒေါင်ငါးလုံး၊ အကောက် ခွန်လုပ်ငန်းဆိုင်ရာ ရုံးများ၊ ဟိုတယ်၊ မိုတယ်နှင့် မီးသတ်စခန်းများပါဝင်၍ ယာဉ်ရပ်နားရန်နေရာတွင် ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်းရပ်နား ရန်နှင့် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဇူူးးဇူူးး
Background