Main menu

Background

လှိုင်လှိုင်ပေါ်၍ ဈေးကျလာတဲ့ ပြည်ချင်းဈေးကွက်

Tue, 05/31/2011 - 09:20 -- Anonymous (not verified)

လှိုင်လှိုင်ပေါ်၍ ဈေးကျလာတဲ့ ပြည်ချင်းဈေးကွက်                  အောင်ပန်းဘက်မှ မှာယူတင်သွင်း ရောင်းဝယ်လျက်ရှိသော ချင်းများ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့ရှိပြီး ယခင်တစ်ပတ်ကထက် ချင်းတစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွား ခဲ့ပါတယ်။ ချင်းများစိုက်ပိုျးထွက်ရှိရာ အောင်ပန်းတွင် ချင်းများလှိုင်လှိုင်ထွက်ပေါ်နေခြင်းကြောင့် ဈေးကျခြင်းဖြစ်ပြီး ပြည်ဈေးကွက်အတွင်း အဝင်ပုံမှန် အရောင်း အဝယ်ပုံမှန်ဖြင့် ယခုတစ်ပတ်အတွင်း တစ်နေ့ကို ဧရာဝတီနဲ့ ရခိုင်ဘက်သို့ အပါအဝင် ပိဿာချိန် ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။    ဝင်းလဲ့ဝါ