Main menu

Background

အင်ဒိုနီးရှားကို အများဆုံးတင်ပို့

Tue, 05/31/2011 - 09:21 -- Anonymous (not verified)

အင်ဒိုနီးရှားကို အများဆုံးတင်ပို့              ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေလ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၄၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက အင်ဒိုနီးရှားကို တန်ချိန် ၁၅ဝ၊ မလေးရှားနိုင်ငံကို ၂၄ တန်နဲ့ စင်ကာပူ နိုင်ငံကို ၆၈ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့သမျှတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၂၃ တန်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၆၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ တစ်သိန်းငါးသောင်းကျော်ရရှိခဲ့ပါတယ်။                MIRT (DOT)