အိတ်စပို့အဆွဲအေးလို့ မတ်ပဲဈေးဆင်းလာ

 မတ်ပဲစဉ် ကုန်စည်ဒိုင်           ရေတွက်ပုံ           ယခင်            ယခု              ပြောင်းလဲမှု၁ ဘုရင့်နောင်              ၁ တန်              ၆၂၇ဝဝဝ      ၅၈၂ဝဝဝ၂ မုံရွာ                        ၁ ပိဿာ             ၉၂၅           ၈၅ဝ၃ ပြည်                       ၁ ပိဿာ             ၉၇၅          ၉၁၅၄ ဟင်္သာတ                 ၁ ပိဿာ             ၉၃၅          ၈၅ဝ၅ မန္တလေး                   ၁ ပိဿာ             ၈၅ဝ          ၈၅ဝအိတ်စပို့အဆွဲအေးလို့ မတ်ပဲဈေးဆင်းလာ                      ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတဲ့ အပေါ် ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်တန်ကို  ၅၈၂ဝဝဝ ကျပ် မှ ၆၁၅ဝဝဝ ကျပ်အတွင်း တန် ၁၉၅၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လသို့ ရိ ပါတယ။် မန္တလေး ဈေးကွက်မှာတော့ ပဲခွဲစက်သမားတွေသာ အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ။် မံုံရွာ ဈေးကွက်မှာ မြို့ခံပွဲခွဲစက်သမားများသာဝယ် အားအထိုက်အလျောက်ရှိပြီး ရန်ကုန်အဆွဲအေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်က အောက်ဈေး နဲ့ အဆွဲရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၉၁၅ကျပ်(တစ်တန်ကို ၅၆ဝ၃၃၆ ကျပ်)နဲ့ တစ် ပတ်အတွင်း ၂ဝဝဝခန့် ဖြစ်ကြောင်းသိရပါတယ။် ဟင်္သာတ ဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေးကျနေတဲ့အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။