ကုလားပဲဖြူလုံးကြီး အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁ဝ၃ဝ ၉၅ဝ၂ မန္တလေး ၁ ပိဿာ ၉၇၈ ၉၅၂၃ မုံရွာ ၁ ပိဿာ ၉၆၃ ၉၃၇၄ ပခုက္ကူ ၁ ပိဿာ ၉၇၃ ၉၄၇၅ မြင်းခြံ ၁ ပိဿာ ၉၆ဝ ၉၄ဝ၆ ရေစကြို ၁ ပိဿာ ၉၆ဝ ၈၉ဝကုလားပဲဖြူလုံးကြီး အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးးကို ရန်ကုန်ဝယ်လက်က အဆွဲနည်းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၉၅၂ ကျပ်(တစ်တန်ကို ၅၈၂၉၉၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ မြို့ပေါ်ပဲခွဲစက်သမားများက တစ်ပိဿာကို ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ သိရပါတယ။် မြင်းခြံ ဈေးကွက်မှာ ရန်ကုန်အဆွဲနည်းသွားပြီး မြို့ခံပဲခွဲစက် သမားတွေကသာ အဆွဲအနည်းငယ်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ဆင်းသွားပါတယ်လို့ ဆိုပါတယ။် မံုံရွာဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အော်ဒါနည်းသွားပေမယ့် နယ်ခံစက် သမားတွေကပုံမှန်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၇ ကျပ် (တစ်တန်ကို ၅၇၃၈ဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
