ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးလို့ ဈေးဆက်လက်ကျဆင်း

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ      ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ တန်       ၅၁၅ဝဝဝ    ၄၈ဝဝဝဝ၂ မန္တလေး                ၁ ပိဿာ       ၇၈၃          ၇၃၃၃ မုံရွာ                     ၁ ပိဿာ        ၇၈၅          ၇၂၅၄ ပြည်                     ၁ ပိဿာ        ၈ဝဝ          ၇၅ဝ၅ ပခုက္ကူ                   ၁ ပိဿာ        ၇၉ဝ         ၇၄ဝ၆ မြင်းခြံ                   ၁ ပိဿာ         ၇၅ဝ         ၇၃ဝ၇ အောင်လံ               ၁ ပိဿာ        ၈ဝဝ         ၇၇ဝ၈ မကွေး                  ၁ ပိဿာ         ၈ဝဝ         ၇၆၅ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးလို့ ဈေးဆက်လက်ကျဆင်း                 ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်က အိန္ဒိယဈေးကွက်မှာ မြန်မာပဲစင်းငုံဈေး ကျဆင်းနေတဲ့အပေါ် ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၄၈ဝဝဝဝ ကျပ်နဲ့ တန် ၅ဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေး ကွက်မှာ အောက်ဈေးနဲ့ ရန်ကုန်အဆွဲရှိသလို ရောင်းသူကုန်သည် များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ရန်ကုန်အဆွဲအေးသွားပြီး မြို့ခံကုန်သည်အချင်းချင်းက အနည်းငယ်ထုတ်ရောင်းမှုတွေရှိလို့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပါးသလို ရောင်းသူကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း နေတယ်လို့ သိရပါတယ်။ မကွေးဈေးကွက်နဲ့ အောင်လံေံ ဈးကွက် မှာလည်း ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဆွဲခပ်ပါးပါးသာရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပိပ်သ်သမ်းးနေကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။