သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂၄၉ဝ ၂၄၄၅ နှမ်းဖြူကို တရုတ်အဆွဲအေးလို့ ဈေးဆင်းလာ၊ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက် ဈေးချအဝယ်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူ ကို မြို့ခံ ဆီကြိတ်လုပ်ငန်းရှင်များသာ ဝယ်အားအသင့်အတင့်ရှိပြီး တရုတ်ဝယ်လက် အဝယ်တုံ့ ဆိုင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များကသာ တစ်ပိဿာ ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်ရှိနေတယ်လို့ သိရပါတယ။် အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချ အဝယ်ရှိသလို ဝယ်အားပါနည်းသွားကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၄၅ကျပ်(တစ်တန်ကို ၁၄၉၇၂၉၃ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။
Background