ထိုင်းဆန်တင်ပို့သူများ နိုက်ဂျီးရီးယားဈေးကွက် ပိုမိုရရှိဖို့ ရည်မှန်းထား

ထိုင်းဆန်တင်ပို့သူများ နိုက်ဂျီးရီးယားဈေးကွက် ပိုမိုရရှိဖို့ ရည်မှန်းထား             ထိုင်းနိုင်ငံဟာ ဆန်တင်ပို့ဖို့နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းရင်းနှီးမြှုပ်နံှဖို့အတွက် ဈေးကွက်ကြီး တစ်ခုအဖြစ် နိုက်ဂျီးရီးယားကို မျက်စိကျနေပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့လို စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နံှမှု ဆုတ်ကိုင်ရရှိစေဖို့ ထိုင်းနိုင်ငံဟာ နိုက်ဂျီးရီးယားနဲ့ ကုန်သွယ်မှု ဆက်သွယ်ရေး တိုးမြှင့်လိုတယ်လို့ ပြည်ပတင်ပို့မှု တိုးမြှင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်Wuthichai Duangrat  က ပြောကြားပါတယ်။  နိုက်ဂျီးရီးယား သဘာဝ ဓါတ်ငွေ့ရှာဖွေရေးနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး တို့မှာရင်းနှီးမြှုပ်နံှလိုတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ နိုက်ဂျီးရီးယားဟာ အာဖရိကနိုင်ငံများထဲကမှာ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု အများဆုံးဖြစ်ပြီး တစ်နှစ်ကို ဆန်တန်ချိန် ၅၃၉ဝဝဝ တင်သွင်းနေပါတယ်။ ထိုင်းဆန်နဲ့ အခြားစားသောက်ကုန်များကို ဝယ်လိုအားကြီးထွားဖွယ်ရှိနေပါတယ်။           နိုက်ဂျီးရီးယားဟာ တစ်နှစ်ကို ဆန်တန်ချိန် ၅ သန်းခန့်ထိ စားသုံးမှု ရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နိုက်ဂျီးရီးယားကို စြင်္ကံတစ်ခုအဖြစ် သတ်မှတ်ပြီး အခြားနိုင်ငံတွေကို ဆန်တိုးခဲျ့တင်ပို့သွားဖို့ မျှော်လင့် ထားကြောင်းလည်းသိရပါတယ်။ ဇန်နဝါရီလမှ ဧပြီလအထိ နိုက်ဂျီးရီးယားကို ထိုင်းဆန်နဲ့ အခြားထုတ်ကုန် တင်ပို့မှုဟာ ကန်ဒေါ်လာ ၃၆၃ ဒသမ ၈၄ သန်းဖိုးရှိလို့ ယခင်နှစ်ထက် ၆၇ ဒသမ ဝ၂ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကတင်ပို့တဲ့ ပစ္စည်းတွေထဲမှာ ဆန်၊ ပလတ်စတစ်၊ ရာဘာ၊ တီဗွီနဲ့ တီဗွီအစိတ်အပိုင်းများ၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ်အစိတ်အပိုင်းများတို့ ပါဝင်တယ်လို့ သိရ ပါတယ်။ လမင်း    Source: oryza .com