မိုးခေါင်ခြောက်သွေ့ မှုကြောင့် တရုတ်နိုင်ငံစားနပ်ရိက္ခာဈေးနှုန်း မြင့်တက်လျက်ရှိ
မိုးခေါင်ခြောက်သွေ့ မှုကြောင့် တရုတ်နိုင်ငံစားနပ်ရိက္ခာဈေးနှုန်း မြင့်တက်လျက်ရှိ တရုတ်နိုင်ငံတွင် နှစ် ၅ဝ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ခြောက်သွေ့မှုကြောင့် မိုးခေါင်ဒဏ်ခံရတဲ့ ပြည်နယ်များ အတွင်း ဆန်နဲ့ ဟင်းသီးဟင်းရွက်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ မြို့ပေါင်း ၅ဝ ရှိ အဓိကအစား အသောက် ပျမ်းမျှဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ပြီး အချို့ဟင်းသီးဟင်းရွက်ဈေးများဟာ တစ်လအတွင်း ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ နိုင်ငံတော်စာရင်းအင်း ဗျူရိုမှ စာရင်းများအရ သိရပါတယ်။ မိုးခေါင်မှုကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းက ဈေးနှုန်း မြင့်တက်ရခြင်းအဓိကအကြောင်းရင်းဖြစ်ပြီး ဆန်နဲ့ ဟင်းသီး ဟင်းရွက်ဈေးများ မကြာခင်ကျဆင်းနိုင်ဖွယ်မရှိဘူးလို့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပြည်နယ် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်မှုသက်သာရေး ရုံးချုပ်မှ စာရင်းများအရ စိုက်ပျိုးမြေဟက်တာ ၇ သန်းနီးပါးမိုးခေါင် ဒဏ်ခံနေရပြီး ံHubei ၊ Huran ၊ Jiangxi ၊ Anhui နဲ့ Jiangsu ပြည်နယ်များမှာ အပြင်းထန်ဆုံး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: china daily
