ဆန်ဈေးကျဆင်းခြင်းက ဗီယက်နမ် ဆန်တင်ပို့သူများနှင့် လယ်သမားများအတွက် အခက်အခဲဖြစ်စေ
ဆန်ဈေးကျဆင်းခြင်းက ဗီယက်နမ် ဆန်တင်ပို့သူများနှင့် လယ်သမားများအတွက် အခက်အခဲဖြစ်စေ မေလ ၁၉ ရက်နေ့က ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသမှာ ဆောင်း-နွေဦးရာသီထွက် ဆန်ဈေးနှုန်းတွေ စတင်ကျဆင်းခဲ့တဲ့ အပြင် မေလ ၂၃ ရက်နေ့မှာလည်း ယခင်အပတ်ကထက် တစ်ကီလိုကို ဗီယက်နမ်ဒေါင် ၅ဝ-၁ဝဝ ကျဆင်းသွားကြောင်း သိရပါတယ်။ လက်ရှိဈေးနှုန်းတွေက ၂ဝ၁၁ အစောပိုင်းကာလနှုန်းတွေနဲ့ နှိုင်း ယှဉ်ရင် များစွာကျဆင်းသွားတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးနှုန်းသာမက ပြည်ပကိုတင်ပို့တဲ့ ဈေးနှုန်းတွေက မေလ ၁၉ ရက်နေ့မှစပြီး တဖြည်းဖြည်း ကျဆင်းလာတယ်။ ဒီလို ဆန်ဈေးကျဆင်းတာက လယ်သမားတွေအတွက် အခက်အခဲဖြစ်စေကြောင်း သိရပါတယ်။ ၂ဝ၁၁ ခုနှစ် နှစ်ဦးပိုင်းမှစပြီး ထိုင်းနိုင်ငံက သိုလှောင်ထားတဲ့ ဆန်တွေကိုရောင်းချဖို့ ဆန်ဈေးနှုန်းချပေးတဲ့မူဝါဒကိုကျင့်သုံးခဲ့ခြင်းက လျော့ဈေးနဲ့ မရောင်းချနိုင်တော့တဲ့ ဗီယက်နမ်ဆန်တင်ပို့သူတွေအတွက်လည်း အခက်ကြုံစေခဲ့တယ်။ ယခုအခါ ထိုင်းအပြင် မြန်မာ၊ ပါကစ္စတန်နဲ့ အိန္ဒိယကလည်း ဆန်တင်ပို့မှုမြှင့်တင်ဖို့ ကြိုးပမ်းနေကြရာ မေလအပြီး ဆန်ဈေးကျသွားရင် ဗီယက်နမ် ဆန်တင်ပို့သူတွေအပါအဝင် လယ်သမားတွေကို များစွာထိခိုက်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ပပ၊ ှSource:Vietnam Net Bridga.com
