ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ရောင်းလိုအားများ၍ဈေးကျ

ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ရောင်းလိုအားများ၍ဈေးကျ                 မေလအတွင်း တဖြည်းဖြည်းကျဆင်းလာတဲ့ အာရှဆန်ဈေးနှုန်းများ မေလနှောင်းပိုင်းမှာလည်း ဆက်လက် ကျဆင်း လာခဲ့တယ်။ ဧပြီလနှောင်းပိုင်းက တစ်တန်ကို ကန်ဒေါ်လာ ၄၅၅ ရှိခဲ့တဲ့ ထိုင်းဆန်ဖြူ (၂၅ ရာခိုင်နှုန်း ဆန်ကွဲ)ရဲ့ လက်ရှိ ပြည်ပတင်ပို့တဲ့နှုန်းထား (FOB)က တစ်တန်ကို ၄၄၅ ဒေါ်လာအထိရောက်ရှိခဲ့တယ်။ ဗီယက်နမ် ဆန်ဖြူ (၂၅ ရာခိုင်နှုန်း ဆန်ကွဲ)မှာလည်း တစ်တန်ကို ၄၅ဝ ဒေါ်လာမှ ၄၃ဝ ဒေါ်လာအထိ ဒေါ်လာ ၂ဝ ကျ ဆင်းသွားတယ်လို့ သိရ တယ်။ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ရောင်းလိုအားများပြီး ဈေးကျတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ)မှာ တစ်တန်ကို ၄၂၅ ဒေါ်လာမှ ၄၅ဝ ဒေါ်လာအထိ ၂၅ ဒေါ်လာဈေးမြင့်လာပါတယ်။ ပပ Source:riceonline.com