အိန္ဒိယမတ်ပဲဈေး ဆက်လက်လျော့ကျ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအား အကန့်အသတ်သာရှိတဲ့အပြင် နွေမတ်ပဲများဆက်လက် ဝင်ရောက်ခြင်းက ဈေးနှုန်း လျော့ကျဖို့ ဖိအားဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးရွာသွန်း နေခြင်းက မိုးမတ်ပဲစိုက်ပျိုးဖို့ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုလအတွင်း နွေပဲဝင်ရောက်မှု တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံက ရောင်းအား ကောင်းနေခြင်းတို့က ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများမှ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂-၆-၁၁ ၁-၆-၁၁ ၃၁-၅-၁၁ ၃ဝ-၅-၁၁မွန်ဘိုင်း ၈၅၇-၈၆၈ ၈၅၈-၈၆၉ ၈၅၅-၈၆၆ ၈၇၆ဒေလီ ၈၂၃-၈၉ဝ ၈၂၄-၈၉၁ ၈၂၂-၈၈၈ ၈၂ဝ-၈၈၇ချန်နိုင်း ၈၈၅-၁ဝ၁၂ ၈၈၅-၁ဝ၁၄ ၈၈၈-၁ဝ၁၆ ၈၉၈-၁ဝ၂ဝMIRT(MAPT)
Background