ပဲတီစိမ်း သင်္ဘောတင်တန်ချိန် ၄ဝဝဝ ကျော် ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ပဲတီစိမ်း တန်ချိန် ၅၇ဝဝ ကျော်ထိရှိရာမှ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ စင်ကာပူတို့ဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှု အနေနဲ့ ပဲတီစိမ်းတန်ချိန် ၅၁ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၄၅ဝဝဝ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားက အဝယ်ရှိလာလို့ လာမယ့် သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT- MAPT
Background