အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပအဝယ်ပိုရှိ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပ ဝယ်လက်အဝယ်ပိုရှိတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားဝယ်လက်အချို့ အဝယ်လိုက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုအနေနဲ့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်း၊ အညာပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၃၃ဝဝ ခန့် စာချုပ်နိုင်ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဈေးပြောင်းလဲခြင်းမရှိဘဲ ဇွန်လ ၃ ရက်နေ့မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန်ကန်ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ အသီးသီးရှိကြောင်း သိရပါတယ် MIRT- MAPT
Background