Main menu

Background

ကုလားပဲဖြူလုံးကြီး ယခုတစ်ပတ်မှာလည်း တန် ၃ဝဝဝ အပို့ရှိ

Mon, 06/06/2011 - 06:20 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး ယခုတစ်ပတ်မှာလည်း တန် ၃ဝဝဝ အပို့ရှိ              ယခင်သီတင်းပတ် ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက် ) အတွင်းမှာလည်း တန် ၃ဝဝဝ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပါကစ္စတန် ဝယ်လက်အဆွဲများတာကြောင့် ကုန်သည်လက်ကျန်နည်းလာပြီ လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။                 ယခုဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန် ၄ဝဝ ကျော်သာရှိလို့ ယခုနှစ် အတွင်း ကုလားပဲတင်ပို့မှုများစွာ ပိုမိုနေတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် မှာလည်း ပုံမှန်တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။   MIRT- MAPT