Main menu

Background

လောလောဆယ်အခြေအနေမှ ကာလတိုအတွင်းတွင် ရွှေကိုသာလျှင် လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ဝယ်လိုအားများလိမ့ ်ဦးမည်

Mon, 06/06/2011 - 06:40 -- Anonymous (not verified)

လောလောဆယ်အခြေအနေမှ ကာလတိုအတွင်းတွင် ရွှေကိုသာလျှင် လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ဝယ်လိုအားများလိမ့ ်ဦးမည်                ၂ဝ၁၁ ခုနှစ် ဧပြီလ ၂ဝ ရက်မှစပြီး တစ်အောင်စကို ဒေါ်လာ ၁၅ဝဝ အထက်ရှိခဲ့တဲ့ ရွှေဈေးနှုန်းတွေက မေလဆန်းပိုင်းမှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၅၆ဝ ကျော်အထက်ရောက်ရှိစံချိန်တင်ခဲ့တယ်။ ဒီလိုစံချိန်တင် မြင့်မားခဲ့ပြီးနောက်ပိုင်း ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်အားနည်းသွားသော်လည်း တစ်အောင်စကို ၁၅ဝဝ ဒေါ်လာအထက်မှာ ရှိနေဆဲပဲဖြစ်ပါတယ်။                   ဥရောပဒေသ ေြွကးမြီအကျပ်အတည်းနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အား နည်းခြင်းတို့က အဖိုးတန်ရွှေကိုသာ လုံခြုံစိတ်ချရမှုအရှိဆုံး ပစ္စည်းအဖြစ် ဝယ်လို အားတိုးလာစေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်။ ၎င်းအပြင် မေလအတွင်း တရုတ်၊ ဥရောပနဲ့ အမေရိကန်တို့မှာ ကုန်ထုတ်လုပ်မှုနှေးကွေးသွားပြီး အလုပ်အကိုင် ရရှိမှုတိုးတက်နှုန်းမှာ ခန့်မှန်းထားတာထက် နှေးသွားကြောင်း ဖော်ပြလာတဲ့ အစီရင်ခံစာကလည်း ရွှေဝယ်လိုအားကို ပိုမိုစေပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးရာ မသေချာမှုတွေကလည်း ရွှေကို ဈေးနှုန်းပိုမိုမြင့်မားစေဖို့ အခိုင်အမာ အထောက် အကူပြုနေပါတယ်။                အမေရိကန်ဒေါ်လာ တန်ဖိုးအားနည်းခြင်းကြောင့် ကမ္ဘာ့အနံှ့ ဗဟိုဘဏ်တွေ ကလည်း အရန်နိုင်ငံခြားငွေထားရှိမှုအတွက် အမေရိကန်ဘဏ္ဍာတိုက်နဲ့ အခြား အမေရိကန်ဒေါ်လာနဲ့သတ်မှတ်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ် အလွန်အမင်း မှီခိုခြင်းကိုလျှော့ချပြီး ရွှေကိုသာသိုလှောင်ထားဖို့ စိတ်ဝင်စားလာကြတယ်။ အဓိကမှာ အိန္ဒိယ၊ တရုတ်၊ ရုရှနဲ့ မက္ကဆီကို ဗဟိုဘဏ်တွေက မကြာသေးမီက ရွှေကိုပြောင်းလဲ သိုလှောင်လာကြတယ်။တန်ဇန်းနီးယားဗဟိုဘဏ်ကလည်း ရွှေကိုဝယ်ယူသိုလှောင်ဖို့ စဉ်းစားနေကြောင်း ဘဏ်ဥက္ကဋ္ဌကပြောကြားပါတယ်။ ဒီလို ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုကလည်း ရွှေဈေးကို ပိုမိုမြင့်မားစေတယ်။ ဒါကြောင့် ဇွန်လဆန်းပိုင်းအထိလည်း ရွှေဈေးဆက်လက်မြင့်မားလာရာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ ရက် ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၅၃၅ ဒသမ ၈၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ကမ္ဘာ့အနံှ့ဗဟိုဘဏ်တွေက ငွေကြေးမူဝါဒတွေ တင်းကျပ်ခြင်းနဲ့ ငွေကြေး ဖောင်းပွမှုတွေက ရွှေဈေးနှုန်းအလားအလာအတွက် စောင့်ကြည့်ရမဲ့ အဓိကအချက် တွေဖြစ်ကြောင်း၊လောလောဆယ်အခြေအနေမှကာလတိုအတွင်းမှာလည်း ဥရောပ ဒေသ ငွေကြေးအကျပ်အတည်းနဲ့ အမေရိကန်စီးပွားရေးအပေါ် စိုးရိမ်မှုတွေက ရွှေကိုသာ လုံခြုံစိတ်ချရမှုအရှိဆုံးပိုင်ဆိုင်မှုပစ္စည်းအဖြစ် ဝယ်လိုအားများကာ ဈေး နှုန်းကို အထောက်အပံ့ပေးလိမ့်ဦးမှာဖြစ်ကြောင်း ပညာရှင်တွေက လေ့လာသုံးသပ် ကြပါတယ်။Source:Bloomberg.com,af.reuters.com,zawya.com,ပပ